09 88000 3847 info@edpedia.com.mm

အမေရိကန် ကောလိပ်၊ တက္ကသိုလ်များကို ကျောင်းလျှောက်ထားပြီး I-20 ရလာပြီဆိုရင် ကျောင်းသား ဗီဇာ လျှောက်ထားဖို့အတွက် သက်ဆိုင်ရာ US Embassy/ Visa Session မှာဖော်ပြထားတဲ့ DS 160 Online Application ကို အရင်ဆုံးဖြည့်ဖို့ လိုအပ်ပါတယ်။

DS 160 Online Form က အချိန် အကန့်အသတ်နဲ့ ဖြည့်ရတာ ဖြစ်လို့ လိုအပ်တဲ့ စာရွက်စာတမ်းတွေ သတင်းအချက်အလက်တွေ မိမိဆီမှာ တစ်ခါတည်း ပြင်ထားရင် ပိုပြီး လွယ်ကူ အဆင်ပြေစေပါတယ်။

ဥပမာ

🗂 ပညာရေးနှင့် သက်ဆိုင်သောအထောက်အထားများ

🗂 English Proficiency Test Result များ

🗂 လုပ်ငန်းအတွေ့အကြုံစာရွက်စာတမ်းများ (Optional)

🗂 Passport နှင့် Last 5 years travel history

🗂 သံရုံးမှ စံနှုန်းအတိုင်းရိုက်ကူးထားသည့် ဓါတ်ပုံ

🗂 I-20 တို့အပြင် အခြားအခြားသော စာရွက်စာတမ်းများစွာ လိုအပ်ပါသည်။

ကျောင်းသားဗီဇာအတွက် သိမှတ်ဖွယ်ရာ အချက်အလက်များကို နောက်ပို့စ် တွေမှာ ဆက်လက်ရေးသား ဖော်ပြသွားပါမည်။

ပညာရေးအတွက် ဆွေးနွေးတိုင်ပင်လိုပါက Appointment ကြိုတင်ရယူရန်

Edpedia Global Education