09 88000 3847 info@edpedia.com.mm

US Student Visa အတွက် လိုအပ်သည့် DS-160 Form ဖြည့်သောအခါ အရေးကြီးပြီး သတိထားရမည့်အချက်တို့မှာ

မိမိရဲ့ ပညာရေးဆိုင်ရာ အထောက်အထားနဲ့ အလုပ်အကိုင် နေရာကို ဖြည့်သည့် အချိန်တွင် Gap Year ရှိမနေရင် ပိုကောင်းပါတယ်။ ဆိုလိုခြင်းက ၁၀ တန်းအောင်ပြီး (၂ )နှစ်လောက်မှာ သင်တန်း တွေ တက်နေတယ်ဆိုရင် သေချာစွာရေးသား တင်သွင်းဖို့ လိုအပ်ပါတယ်။

၁၀ တန်းအောင်နဲ့ သာဖော်ပြလိုက်ရင် Counselor တွေအနေနဲ့လျှောက်ထားသူက (၂) နှစ်လောက် ဘာမှ မလုပ်ဘဲ နေနေတယ်လို့ ယူဆသွားရင် ဗီဇာ အောင်ဖို့ ခက်ပါလိမ့်မယ်။

✨ ဒါ့ကြောင့် Gap Year တွေ မရှိအောင်သေချာစွာ ဖြည့်ဖို့ လိုအပ်ပါတယ်။ ပြီးတော့ အင်တာဗျူး အတွက်ပါ မိမိရဲ့ ပညာရေး အထောက်အထားနဲ့ အလုပ်အကိုင်များ အကြောင်းကို မေးလာရင် ပိုင်နိုင်စွာ ဖြေနိုင်အောင် လေ့ကျင့်ထားဖို့ လိုအပ်ပါတယ်။ ✨

နောက်တစ်ချက်က ကျောင်းသား ဘယ်နိုင်ငံ ဘယ်မြို့မှာ ဗီဇာဝင်ချင်တာလဲ ❓

မိမိသွားရောက်လျှောက်ထားမယ့် သံရုံးတည်ရှိရာကို သေချာစွာရေးသားဖို့လိုအပ်ပါတယ်။

ဥပမာ Rangoon, Burma ကိုရွေးပြီး Bangkok, Thailand မှာ Visa ဝင်လို့မရပါဘူး။ အစစ အရာရာ အကုန် မှန်ကန်နေဖို့ အရေးကြီးပါတယ်။

ကျောင်းသားဗီဇာအတွက် သိမှတ်ဖွယ်ရာ အချက်အလက်များကို နောက်ပို့စ် တွေမှာ ဆက်လက်ရေးသား ဖော်ပြသွားပါမည်။

ပညာရေးအတွက် ဆွေးနွေးတိုင်ပင်လိုပါက Appointment ကြိုတင်ရယူရန်

Edpedia Global Education

================