အမေရိကန် ကောလိပ်၊ တက္ကသိုလ်များကို ကျောင်းလျှောက်ထားပြီး I-20 ရလာပြီဆိုရင် ကျောင်းသား ဗီဇာ လျှောက်ထားဖို့အတွက် သက်ဆိုင်ရာ US Embassy/ Visa Session မှာဖော်ပြထားတဲ့ DS 160 Online Application ကို အရင်ဆုံးဖြည့်ဖို့ လိုအပ်ပါတယ်။
DS 160 Online Form က အချိန် အကန့်အသတ်နဲ့ ဖြည့်ရတာ ဖြစ်လို့ လိုအပ်တဲ့ စာရွက်စာတမ်းတွေ သတင်းအချက်အလက်တွေ မိမိဆီမှာ တစ်ခါတည်း ပြင်ထားရင် ပိုပြီး လွယ်ကူ အဆင်ပြေစေပါတယ်။
ဥပမာ
ပညာရေးနှင့် သက်ဆိုင်သောအထောက်အထားများ
English Proficiency Test Result များ
လုပ်ငန်းအတွေ့အကြုံစာရွက်စာတမ်းများ (Optional)
Passport နှင့် Last 5 years travel history
သံရုံးမှ စံနှုန်းအတိုင်းရိုက်ကူးထားသည့် ဓါတ်ပုံ
I-20 တို့အပြင် အခြားအခြားသော စာရွက်စာတမ်းများစွာ လိုအပ်ပါသည်။
ကျောင်းသားဗီဇာအတွက် သိမှတ်ဖွယ်ရာ အချက်အလက်များကို နောက်ပို့စ် တွေမှာ ဆက်လက်ရေးသား ဖော်ပြသွားပါမည်။
ပညာရေးအတွက် ဆွေးနွေးတိုင်ပင်လိုပါက Appointment ကြိုတင်ရယူရန်
Edpedia Global Education