Scholarship လို့ ပြောလိုက်ရင် ယေဘူယျအားဖြင့်
Merit-Based နှင့်
Need-Based Scholarship ဆိုပြီး အကြမ်းအားဖြင့် နှစ်မျိုးရှိပါတယ်။
အခု နိုင်ငံတကာက ကျောင်းများက မြန်မာကျောင်းသားများကို ပေးအပ်နေတဲ့ Scholarship ကတော့ Merit-Based Scholarship ပဲ ဖြစ်ပါတယ်။ Merit-Based ဆိုတာက လျှောက်ထားသူရဲ့
ပညာရေးရလဒ် ကောင်းမွန်မှု (Academic)
ဘာသာစကား ကျွမ်းကျင်မှု အဆင့်မြင့်မှု (English Language Proficiency)
အခြားသော သင်ရိုးပြင်ပ လှုပ်ရှားမှု (Extracurriculum Activities) တွေပေါ်မှာ မူတည်ပြီး ပေးတာဖြစ်ပါတယ်။
မိမိလျှောက်ထားတဲ့ ကျောင်းတဲ့ လိုအပ်ချက်ပေါ်မူတည်ပြီး
Scholarship စာမေးပွဲများ ဖြေဆိုရခြင်း (ရေးဖြေ) သို့မဟုတ်
လူတွေ့စစ်ဆေးမေးမြန်းခြင်း (နှုတ်ဖြေ) (Online/Offline) များ ဆက်လက်လုပ်ဆောင်ရပါတယ်။
Merit-Based Scholarship အများဆုကတော့ လျှောက်ထားသူရဲ့ ပညာရေးရလဒ်များ ကောင်းမွန်မှုပေါ် မူတည်ပြီး ပေးအပ်သည့်အတွက် အနည်းဆုံး အမှတ် ဘယ်လောက်ရရှိထားရမလဲဆိုတာ မရှိပါဘူး။ များလေ ကောင်းလေပါပဲ။
ပြီးတော့ သတ်မှတ်ထားတဲ့ Application Deadline ထက် စောစောတင်နိုင်တဲ့ လျှောက်လွှာများကို လည်း သက်ဆိုင်ရာ ကျောင်းများက ဦးစားပေး ရွေးချယ်တတ်ပါတယ်။ ဒါ့ကြောင့် အမှတ်များ ကောင်းအောင်လုပ်ပြီး လျှောက်လွှာများ စောစော တင်နိုင်ခြင်းကလည်း အားသားချက်တစ်ခု အနေနဲ့ ပါဝင်တတ်ပါတယ်။
ပညာရေးအတွက် ဆွေးနွေးတိုင်ပင်လိုပါက Appointment ကြိုတင်ရယူရန်
Edpedia Global Education
================
09 88000 3847
No.1, Room 5A, Moe Kaung Road, Kyauk Kone, Yankin Township, Yangon.