ဒီနေ့မှာတော့ ပညာသင်ဆုလျှောက်ထားရာတွင် လိုအပ်သော အခြေခံလိုအပ်ချက်များထဲမှ English ဘာသာစကားကျွမ်းကျင်တတ်မြောက်မှုနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားသွားပေးမှာပဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံတွင် English Language Proficiency ဟုဆိုလိုက်သည်နှင့်
TOFEL
Duolingo အစရှိသည်ဖြင့်
ဘယ် Test ကို ကျွမ်းကျင်ပိုင်နိုင်အောင် ကြိုးစားရမည်၊ ဘယ် Test ကို အမှတ်ကောင်းကောင်းနှင့် အောင်မြင်စွာဖြေဆိုရမည်ကို ကျောင်းသူ၊ ကျောင်းသား ၁ ယောက် အနေနှင့် ကနဦး တွေးမိပါလိမ့်မည်။
Edpedia အနေနှင့် Recommend ပေးလိုသည်ကတော့ IELTS ပါ
IELTS သည်
မြန်မာနိုင်ငံမှ ကျောင်းသူ၊ ကျောင်းသား၊ ဆရာ၊ ဆရာမ အများစု ၏ ပထမဦးစားပေး ရွေးချယ်မှုဖြစ်သလို
4 Skills အတွက် အမှတ်ကောင်းအောင် ကြိုးစားရသည်မှာ မလွယ်ကူသော်လည်း မိမိအနေနှင့် နိုင်ငံခြားသွားရောက်ပြီး ပညာဆည်းပူးရာတွင် အထောက်အကူပြုပါလိမ့်မည်။
Reading skills အတွက် သင်ကြားရာတွင် ဖတ်ရှုရသော Articles များ
Writing skills အတွက် သင်ကြားရသော Academic Writing များသည် နိုင်ငံတကာ General Knowledge များ ပြည့်ဝစေပါသည်။
ထို့ကြောင့်
ကျောင်းသူ၊ ကျောင်းသား ၁ ယောက်အနေနှင့် နိုင်ငံခြားတွင် ပညာလေ့လာဆည်းပူးသောအခါ
မြန်မာနိုင်ငံတွင် လေ့ကျင့်၊ လေ့လာ၊ ဆည်းပူး၊ သင်ယူ မှတ်သားမှုများက
Group Discussion
Assignment
Project များ ပြုလုပ်ရသောအခါ လွန်စွာမှ ထိထိရောက်ရောက် ပြန်လည်အသုံးချနိုင်ပါသည်။
နောက်တစ်ချက်အနေနှင့် ကျောင်းသူ၊ ကျောင်းသားများ နိုင်ငံခြားတွင် ပညာသင်ယူရင်း Part-Time job လုပ်သည့်အခါ မိမိအနေနှင့် IELTS Listening & Speaking Training များ ပြည့်ဝခဲ့ပါက
လုပ်ခ၊ လစာ ကောင်းမွန်ခြင်းများ ကို တွေ့ရှိနိုင်သလို
အနည်းငယ် ပင်ပန်းသော Back office အပိုင်းတွင် မလုပ်လိုပါကလည်း ပိုမိုကောင်းမွန်သော အခြားအချိန်ပိုင်းအလုပ်များကို လျှောက်ထားရာတွင် ပိုမိုအခွင့်အလမ်းသာနိုင်ပါသည်။
အဆုံးသတ်အနေဖြင့် Edpedia အနေနှင့် တိုက်တွန်းလိုသည်ကတော့
IELTS ကို ကြိုးစားရာတွင် အမှတ်ကောင်းရုံလောက်နှင့် ရပ်တန့်မနေဘဲ မိမိကိုယ်တိုင် သိရှိ တတ်ကျွမ်းပြီး ပြန်လည်အသုံးချလို့ရအောင်ကို မြန်မာနိုင်ငံကတည်း က ပြင်ဆင်သွားဖို့ရန် လိုအပ်ပါတော့သည်။
နိုင်ငံတကာပညာရေးအတွက် ဆွေးနွေးတိုင်ပင်လိုပါက Appointment ကြိုတင်ရယူရန်
Edpedia Global Education
================
09 88000 3847
No.1, Room 5A, Moe Kaung Road, Kyauk Kone, Yankin Township, Yangon.